Saturday, March 6, 2021

အင်းစိန်ပေါက်တောဝသပိတ်

6.3.2021 ( 1;00 PM )

အင်းစိန်၊ ပေါက်တောဝ ဘုရင့်နောင်လမ်း သပိတ်ကနေ မွန်းလွဲ တစ်နာရီခွဲမှာ စစ်တပ်နဲ့ရဲတွေ ပြန်လည်ဆုတ်ခွာသွားပါတယ်။

စစ်တပ်နဲ့ရဲ့ဘက်က သေနတ်အချက်၂၀ကျော် ပစ်ဖောက်ခဲ့ပြီး မျက်ရည်ယိုဗုံးတချို့ကိုလည်းသုံးခဲ့ပါတယ်။ ဒါပေမယ့် သပိတ်ပြိုမကွဲခဲ့ပါဘူး။

လူငယ်ဆယ်ယောက်လောက်ကိုတော့ ရဲကဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ လူငယ်တွေအသုံးပြုတဲ့ စတီးလ်ဒိုင်း၇ခုကိုလည်း ရဲတပ်ဖွဲ့က သိမ်းယူသွားပါတယ်။

အင်းစိန်ပေါက်တောဝသပိတ်ကို မတ်လ၃ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး လေးရက်မြောက်တဲ့အထိ သပိတ်ကိုအောင်မြင်အောင်ထိန်းထားနိုင်ခဲ့တယ်လို့ ဦးဆောင်လူငယ်တစ်ဦးကပြောပါတယ်။

ဘုရင့်နောင်လမ်းကို ပိတ်ပြီးသပိတ်မှောက်တာဟာ CDM ပိုအား ကောင်းလာအောင်နဲ့ ကုန်စည်စီးဆင်းမှုဖြတ်တောက်နိုင်အောင်ရည်ရွယ်တယ်လို့ သပိတ်မှောက်လူငယ်တွေက ပြောပါတယ်။






No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...