အမေရိကန် စင်တာ ပစ်ခတ်ခံရမှု စုံစမ်းစစ်ဆေးနေ
ဧရာဝတီ၊ မတ် ၂၇၊ ၂၀၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့်ရှိ အမေရိကန်စင်တာကို ယနေ့ နေ့လည် ၂ နာရီခွဲခန့်တွင် လူတစုက သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားသည်။
အမေရိကန်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ တဦးက " ပစ်ခတ်ခံရတာ မှန်ပါတယ်။ ဘယ်သူမှဒဏ်ရာ မရပါဘူး။ လက်ရှိအချိန်မှာ ပစ်ခတ်ခံရတာနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေပါတယ်" ဟု ဧရာဝတီကို ပြောသည်။
ပစ်ခတ်သူများက အိမ်စီးကားဖြင့်လာပြီး အမေရိကန်စင်တာ၏ မှန်ဖြင့်ကာထားသည့် နံရံကို သေနတ်ဖြင့် ၄ ချက် ပစ်ခတ်သွားခြင်းဖြစ်သည်။
မှန်တွင် သေနတ်ကျည်ပစ်ခတ်ရာ ၄ချက် ကျန်ခဲ့သော်လည်း ကျည်ကာမှန်ဖြစ်သဖြင့် စင်တာအတွင်းရှိသူများကို တစုံတရာ ထိခိုက်မှု မရှိကြောင်း သိရသည်။
အမေရိကန်စင်တာသည် မြန်မာနိုင်ငံသားများ ယဉ်ကျေးမှု နှင့် ပညာရေး ဆိုင်ရာ လေ့လာနိုင်ရေးအတွက် အမေရိကန် အစိုးရက ဖွင့်လှစ်ပေးထားသည့် စင်တာတခုဖြစ်သည်။
No comments:
Post a Comment