Sunday, March 14, 2021

လှိုင်သာယာရှိဆေးရုံတစ်ရုံတွင် ရုပ်အလောင်း ၃၄ လောင်း လက်ခံထား

 လှိုင်သာယာရှိဆေးရုံတစ်ရုံတွင် ရုပ်အလောင်း ၃၄ လောင်း လက်ခံထား

ယမန်နေ့က စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်ဖြိုခွင်းမှုအပြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ဆေးရုံတစ်ရုံတွင် ရုပ်အလောင်း ၃၄ လောင်းနှင့် ဒဏ်ရာရရှိသူ ၄၀ ဦး လက်ခံရရှိခဲ့သည်ဟု ဆေးရုံ တာဝန်ရှိသူတစ်ဦးကို ယနေ့ (မတ် ၁၅) နံနက် ၁၀ နာရီအချိန် ဆက်သွယ်မေးမြန်းရာတွင် ပြောသည်။

သို့သော် အထိအခိုက်အကျအဆုံး များပြားခဲ့သော လှိုင်သာယာမြို့နယ်တွင် ဆေးရုံမရောက်ရှိဘဲ နေအိမ်သယ်ဆောင်သွားသည့်အလောင်းများရှိသည့်နည်းတူ အခြားမြို့နယ်ဆေးရုံသို့ ပို့ဆောင် ပေးလိုက်သော အလောင်းနှင့် ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ 

ယမန်နေ့က လှိုင်သာယာမြို့နယ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သူ CDM ဆရာဝန်တစ်ဦးက ၎င်းထံရောက်လာသော ရုပ်အလောင်း ၄ လောင်းအနက် ၃ ခုကို မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ယမန်နေ့ညပိုင်းတွင်း ပြောသည်။ 

ထို့ပြင် ရန်ကုန်ဆေးရုံကြီးသို့ ယမန်နေ့ည ၁၁ နာရီအချိန် ဆက်သွယ်မေးမြန်းရာတွင်လည်း ညနေ ၅ နာရီမှစတင်ကာ ဒဏ်ရာရရှိသူများ ဆက်တိုက်ရောက်ရှိလာပြီး လှိုင်သာယာမြို့နယ်မှ အများဆုံးဖြစ် သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...