Sunday, March 14, 2021

မြန်မာနိုင်ငံ အငတ်ဘေးကြုံနိုင်ကြောင်း ကုလ သတိပေး

 မြန်မာနိုင်ငံ အငတ်ဘေးကြုံနိုင်ကြောင်း ကုလ သတိပေး

~~~~~~

■ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေနဲ့ စီးပွားရေးကျဆင်းမှုတွေဟာ အာရှတိုက်ရဲ့အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို အငတ်ဘေး ကျရောက်စေနိုင်တယ်လို့ (WFP) ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ က သတိပေးလိုက်တဲ့အကြောင်း မနေ့ကထုတ်တဲ့ Financial Times သတင်းမှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ တစ်ချိန်က နိုင်ငံခြားကို ဆန်တင်ပို့ရောင်းချခဲ့ပေမယ့် အခု အချိန်မှာတော့ နိုင်ငံအနှံ့အပြားက ဆန္ဒပြမှုတွေနဲ့ မငြိမ်သက်မှုတွေကြောင့် ထောက်ပံ့ရေး လမ်းကြောင်းတွေ၊ ဈေးကွက်တွေနဲ့ ဘဏ်လုပ်ငန်းစနစ်တွေကို ရိုက်ခတ်လာနေပြီး ဓာတ်ဆီနဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ WFP ရဲ့ ညွှန်ကြားရေးမှူး Stephen Andersonက ပြောပါတယ်။ လက်ရှိ နိုင်ငံရေးအကျပ်အတည်းဟာ လူထုရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ဘယ်လောက် ထိခိုက်စေမလဲဆိုတာ ပြောဖို့ စောသေးပေမယ့် အခုလို မငြိမ်သက်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဆင်းရဲသားပြည်သူတွေ ငတ်မွတ် ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။




- Unicode

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...