Thursday, March 4, 2021

မတ်လ (၄) ရက်နေ့ ရန်ကုန်တိုင်းအတွင်း ဆန္ဒပြပွဲ သတင်းများ

 အလုံက ဆန္ဒပြပွဲ ဖြိုခွင်းခံရ

 ရန်ကုန်၊ အလုံမြို့နယ်ထဲက လူထုအများစုပါဝင်တဲ့ ဆန္ဒပြပွဲတစ်ခု  မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခံခဲ့ရတယ်လို့ အနီးနားမှာနေထိုင်သူတွေက ပြောပါတယ်။

ဒီနေ့ မတ် ၄ ရက်မနက် ၁၁ နာရီကျော်လောက်မှာ အောက်ကြည့်မြင်တိုင်လမ်းနဲ့ အလုံလမ်းမီးပွိုင့်မှာ စစ်ကား ၈ ဦးနဲ့ အချုပ်ကားတွေ ရှိနေပြီးအသံဗုံး ၃ ချက်ဖောက်တာကို ကြားခဲ့ရတယ်လို့ နယ်ခံတွေက ပြောပါတယ်။


ရွှေပြည်သာမြို့နယ် သပိတ်စစ်ကြောင်းအခြေအနေ

***********

​ရွှေပြည်သာမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်သူများသည် လတ်တလော ငြိမ်းချမ်းစွာဆက်လက်ဆန္ဒထုတ်ဖော်နေကြပြီး အခြေအနေမှာ ငြိမ်သက်လျက်ရှိသည်။

ယနေ့ နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်က သပိတ်စစ်ကြောင်းနှင့် လက်နက်ကိုင်စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံခဲ့ကြသော်လည်း ပြဿနာတစ်စုံတရာ ပေါ်ပေါက်ခဲ့ခြင်းမရှိပေ။

ထိုအဖွဲ့များသည် ပြည်သူများ၏ လုံခြုံရေးစည်းတစ်ခုကို ချိုးဖျက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်တပ်က ၎င်းတို့စခန်းချထားသည့် အ.ထ.က (၁) ကျောင်းဝန်းအတွင်းသို့လည်းကောင်း၊ ရဲတပ်ဖွဲ့က ရွှေပြည်သာမြို့မရဲစခန်းအတွင်းသို့လည်းကောင်း ပြန်လည်ဆုတ်ခွာသွားကြသည်။




မြောက်ဥက္ကလာမြို့နယ် သပိတ်စစ်ကြောင်းအခြေအနေ
**********************************************

မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာလမ်းဆုံသပိတ်စခန်း အဝင် သုဓမ္မာလမ်းထိပ်တွင် ရဲနှင့်စစ်သားများ အလွယ်တကူ မဝင်ရောက်နိုင်စေရန် ဆန္ဒပြပြည်သူများက PVC လေးပေ ပိုက်လုံးကြီးများဖြင့် ပိတ်ဆို့ထားခဲ့ကြသည်။ 






No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...