Wednesday, March 3, 2021

မြန်မာ့နွေဦးတော်လှန်ရေး

မြန်မာနိုင်ငံကို တည်ငြိမ်စွာဖြင့် အုပ်ချုပ်နေသော NLD အစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ တွင် စစ်တပ်မှ ဖြုတ်ချ အာဏာသိမ်းလိုက်သည်။ နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး မတော်မတရား သောနည်းလမ်းဖြင့် အဓမ္မ ပုဒ်မများ တပ်ကာ တရားစွဲထားသည်။

ထိုအခြေအနေတွင် လူထုက ဆန့်ကျင်ပြီး အမျိုးမျိုး ဖိနှိပ်နေသော စစ်တပ်ကြီးကို မိမိတို့၏ ခွန်အား အစွမ်းရှိသလောက်ကို အသုံးပြုပြီး ဖီဆန်တော်လှန်ခဲ့ကြသည်။ တတိုင်းပြည်လုံးတွင် ရှိသော လူတန်းစားအစုံပါဝင်သော လူထုကြီးက စစ်တပ်ကြီးကို အာခံခဲ့ကြသည်။ 

နိုင်ငံဝန်ထမ်းများက အလုပ်မဆင်းခြင်းဖြင့် CDM (Civil Disobedience Movement) တွင် ပါဝင်ခဲ့ကြသည်။ ထိုအခြေအနကို လူထုက နွေဦးတော်လှန်ရေးဟု အမည်တပ်ကာ တော်လှန်ရေးကို လုပ်ဆောင်ခဲ့ကြသည်။ 

 မြန်မာနွေဦးတော်လှန်ရေးကြီးနှင့် ပတ်သတ်သော အကြောင်းအရာများကို မှတ်တမ်းတစ်ခုအဖြစ် ရရှိနိုင်ရန် ဤဘလောဂ်မှ ပြုလုပ်သွားမည်ဖြစ်ပါသည်။


No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...