ကုလသမဂ္ဂအဖွဲ့ကြီးက ဒီသေနာတွေကို သတိပေးခဲ့တယ်။ မင်းတို့ ဒီလိုသာ ဆက်သွားနေရင် အထီးကျန်လိမ့်မယ်တဲ့။ . . . ဒီကောင်တွေ ပြန်ပြောတာက ရပါတယ်။ ကိစ္စမရှိပါဘူး။ အထီးကျန်ကမ္ဘာမှာ လူနည်းနည်းလေးနဲ့ဘဲ ရှင်သန်သွားနိုင်ပါတယ်တဲ့။
ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလိုက်တဲ့ စကားလဲ။ စကောလောက်မှ စောက်မနက်တဲ့ အကြံတွေနဲ့ ပြောနေကြတယ်။ တို့နိုင်ငံသားတွေ အမြင်တွေ ပွင့်သွားမှာ၊ ပညာတွေတတ်သွားမှာ ချမ်းသာကြွယ်ဝသွားမှာ ပျော်ရွှင်တဲ့ ကမ္ဘာလေးတစ်ခုကို ပိုင်ဆိုင်သွားမှာကို သူတို့ စိုးရိမ်နေကြတယ်။
သူတို့ကတော့ ဟုတ်မှာပေါ့။ ကုမ္ပဏီကြီးတွေပိုင်ဆိုင်ကြတယ်။ သူတို့သားသမီးတွေ အနာဂတ်က ကောင်းမွန်နေတယ်။ ချမ်းသာနေကြတယ်။ ကြွယ်ဝနေကြတယ်။ ငါတို့ကို ဘယ်လို သဘောထားသလဲဆိုတာ သူ့ရဲ့စကားထဲမှာ မြင်နေရတယ်။
တို့နိုင်ငံသားတွေကို ခြေရာခွက်လေးထဲက ဖားသူငယ်လေးလို နေစေချင်တဲ့ စေတနာတွေကို တွေ့နေရတယ်။ ငါတို့ ဒီလိုလူတွေရဲ့ အုပ်စိုးမှုကို ခံရမှာလား။ ငါတို့မှာ မျှော်လင့်ချက်တွေရှိတယ်။ ငါတို့ သားသမီးတွေမှာ ဘဝတွေရှိတယ်။ ငါတို့မှာ အနာဂတ်တွေရှိတယ်။ သူတို့ အဲဒါတွေကို ဖျက်ဆီးနေကြတယ်။
ဒီသေနာတွေကို လောကကြီးထဲမှာ မရှိမှ ငါတို့မျှော်လင့်နေတဲ့အရာတွေ ပြန်ရတော့မယ်။ အားလုံးသော ညီအကိုများ၊ သူငယ်ချင်းများ၊ ကျွန်တော်တို့ အစွမ်းရှိသရွေ့ ဒီသေနာတွေကို တိုက်ထုတ်ကြပါစို့။
No comments:
Post a Comment