13.3.2021
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ် ၄၁ လမ်း ပေါ်မှာ မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းကစစ်အာဏာရှင်စနသ်ပြုတ်ကျရေးအတွက် တပ်ပေါင်းစု ထိုင်သပိတ်လုပ်ခဲ့ကြပါတယ်။
ထိုင်သပိတ်မှာ ကျန်မာရေးဝန်ထမ်းတွေ ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ ပညာရေး ဝန်ထမ်းတေ၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ နဲ့ ပြည်သူလူထု တို့ ပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။
စစ်အာဏာရှင်ကျရှုံးရေးနဲ့ပတ်သက်လို့ သပိတ်ခေါင်းဆောင်တချို့က ဟောပြောတာတွေလုပ်ခဲ့ပြီး မနက် ၁၀ နာရီလောက်မှာပဲ လူစုခွဲခဲ့ကြပါတယ်။
No comments:
Post a Comment