Wednesday, March 10, 2021

ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးဇော်ဝေစိုး မှ အကြမ်းဖက်လက်နက်ကိုင် စစ်အုပ်စု အား ပြင်းထန်စွာသတိပေ: အမိန့်စာ။

 ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးဇော်ဝေစိုး မှ အကြမ်းဖက်လက်နက်ကိုင် စစ်အုပ်စု အား ပြင်းထန်စွာသတိပေ: အမိန့်စာ။ 

မတ်လ ၁၀ ရက်၊ ရန်ကုန်မြို့။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ကျန်းမာရေး/အားကစား၊ ပညာရေး နှင့် အလုပ်သမား/လူဝန်မှုကြီးကြပ်ရေး/ပြည်သူ့အင်အားဦးစီး ဌာနများ၏

ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးဇော်ဝေစိုး မှ 

ယခု ရက်ပိုင်းအတွင်း လက်နက်ကိုင် စစ်တပ် နဲ့ ရဲ များမှ 

၁)- ဒဏ်ရာရလူနာများအား လိုက်လံကုသ သယ်ယူပို့ဆောင် ပေးနေသော ကျန်းမာရေးဝန်ထမ်းများ၊ အရေးပေါ် လူနာတင်ယာဉ် စေတနာ့ ဝန်ထမ်းများ အား ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်မှုများ။

၂)- ကျန်းမာရေး ဝန်ကြီးဌာနပိုင် ဆေးပစ္စည်းကရိယာ များကို လုယက်သိမ်းယူမှုများ။

၃)- ကျန်းမာရေးဝန်ကြီးပိုင် ဆေးရုံများအတွင်း လက်နက်များဖြင့်ဝင်ရောက် ပစ်ခတ်မှုများ။

၄)- ကျန်းမာရေး နှင့် ပညာရေး ဝန်ကြီး ဌာနပိုင် ဆေးရုံများနှင့် တက္ကသိုလ် စာသင်ကျောင်းများ အတွင်း ကျူးကျော်ဝင်ရောက် တပ်စွဲ မှု များ၊ 

အားလုံးကို ပြင်းထန်စွာရှုတ်ချ လိုက်ပါသည်။ ဝန်ကြီးဌာနများ၏ ပိုင်နက်များမှ အမြန်ဆုံး ထွက်ပေးရန် သတိပေးလိုက်ငည်။

ဤသို့ လူသားခြင်းမစာနာသည့် ရာဇဝတ်မှု ကျူးလွန်နေသည့် အကြမ်းဖက် စစ်ရာဇဝတ်ကောင်များ တာဝန်ရှိသူများ အားလုံး ကို နိုင်ငံတကာ ဥပဒေ စံနှုန်းများနှင့် အညီ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

ပါမောက္ခ ဒေါက်တာ ဦးဇော်ဝေစိုး

ပြည်ထောင်စု ဝန်ကြီး




No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...