Thursday, March 11, 2021

ဖားကန့်မြို့နယ်ရှိ စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့၏ အခြေစိုက်စခန်းတစ်ခုကို ကေအိုင်အေ တိုက်ခိုက်ရှင်းလင်း

 ဖားကန့်မြို့နယ်ရှိ စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့၏ အခြေစိုက်စခန်းတစ်ခုကို ကေအိုင်အေ တိုက်ခိုက်ရှင်းလင်း

========================

ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာရှိ စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့၏ အခြေစိုက်စခန်းတစ်ခုကို ယနေ့နံနက်ပိုင်းတွင် ကေအိုင်အေတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းခဲ့သည်ဟု သိရသည်။ 

ဆယ်ဇင်းကျေးရွာရှိ စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့၏ အခြေစိုက်စခန်းတစ်ခုကို ကေအိုင်အေတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းခဲ့သဖြင့် စခန်းမီးလောင်ပြာကျသွားပြီး လက်နက်ခဲယမ်းမီးကျောက်များကို သိမ်းယူသွားသည်ဟု ဆယ်ဇင်းရွာသားတစ်ဦးက ပြောသည်။ 

"စခန်းက မီးလောင်သွားတာ၊ ဘာမှမကျန်တော့ဘူး၊ အခု မီးသတ်ကားနဲ့ မီးငြိမ်းနေတယ်၊ စခန်းမှာရှိတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေတော့ အားလုံးယူသွားတယ်၊ ရွာကိုတော့ ထိခိုက်တာမျိုးမရှိဘူး" ဟု ပြောသည်။ 

တိုက်ပွဲဖြစ်ပွားချိန်တစ်နာရီခန့်ကြာမြင်ခဲ့ပြီး စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းဆီးခံရသည်ဟု သူက ဆက်ပြောသည်။ 

"တချို့ဖမ်းခံရတယ်၊ ဗိုလ်ကြီးကတော့ လွတ်သွားတယ်၊ တိုက်ပွဲက အနီးကပ်ပစ်ကြတာ" ဟု ပြောသည်။ 

ကချင်ပြည်နယ်ရှိ စစ်အာဏာရှင်စနစ်ဆန့်ကျင် ဆန္ဒပြပြည်သူနှစ်ဦးဦးခေါင်းတွင် ကျည်ဆံထိမှန် ကျဆုံးခဲ့အပြီး သုံးရက်မြောက်နေ့တွင် ကချင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။ 

KIO/KIA သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် အဖွဲ့တစ်ခုဖြစ်သည်။




No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...