Sunday, March 14, 2021

မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများ မီးရှို့ခံရမှု အ​ရေးယူ​ပေး​ရေး ရန်ကုန်တရုတ်သံရုံး​တောင်းဆို

မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများ မီးရှို့ခံရမှု အ​ရေးယူ​ပေး​ရေး ရန်ကုန်တရုတ်သံရုံး​တောင်းဆို

ရန်ကုန်၊ မတ် ၁၄

မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများ မီးရှို့ခံရမှု အ​ရေးယူ​ပေး​ရေး ရန်ကုန်တရုတ်သံရုံး​တောင်းဆိုချက်ထုတ်ပြန်သည်။

မတ်လ ၁၄ ရက်နေ့ညနေတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်လုပ်ငန်းစက်ရုံအချို့သည် အဖျက်အမှောင့်ဆောင်ရွက်သူများ၏မီးရှို့ခြင်းခံရပြီး တရုတ်ဝန်ထမ်းများစွာ ဒဏ်ရာရရှိကာ ပိတ်မိသည့် ဝန်ထမ်းများလည်း ရှိ​​ကြောင်း ​ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် China Enterprises Chamber of Commerce in Myanmar ၊ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် အချိန်မီဆက်သွယ်ပြီး ဒေသခံ ရဲတပ်ဖွဲ့ဝင်များအား ထိရောက်သောအစီအမံများဆောင်ရွက်၍ တရုတ်လုပ်ငန်းနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို အာမခံပေးရန် လျင်မြန်စွာတောင်းဆိုခဲ့​​ကြောင်း၊ သံရုံးက မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းပုဂ္ဂိုလ်များကိုလည်း လုံခြုံရေးသတိပေးချက် ထပ်မံထုတ်ပြန်ခဲ့​ကြောင်း သိရှိရသည်။

ယခုအကြိမ်ထိခိုက်ခံရသည့် လုပ်ငန်းအများစုသည် အထည်ချုပ်လုပ်ငန်းများ ဖြစ်ပြီး တရုတ်လုပ်ငန်းကုမ္ပဏီများက အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄ သိန်းကျော် ဖန်တီးပေးခဲ့​ကြောင်း၊ယခုလုပ်ရပ်သည် မြန်မာနိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်နေခြင်းဖြစ်​ကြောင်း ​ဖော်ပြထားသည်။

ယခုကိစ္စသည် အခြေအနေ အလွန်ပြင်းထန်ဆိုးဝါး​ကြောင်း၊မြန်မာဘက်မှ ထိရောက်သည့်အစီအမံ ဆောင်ရွက်၍ လုပ်ရပ်အားလုံး ရပ်တန့်စေပြီး သက်ဆိုင်ရာကျူးလွန်သူအား ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ရှိစေရန် တရုတ်ဘက်က တောင်းဆို​ကြောင်း ​ဖော်ပြထားသည်။

မြန်မာပြည်သူများအား ဥပဒေနှင့်ညီညွတ်စွာ တောင်းဆိုချက်များကို ဖော်ထုတ်ရန်၊ လှုံ့ဆော်မှုများနှင့် အသုံးချမှုများကြောင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို မဖျက်ဆီးမိစေရန် ကျွန်‌တော်တို့ တိုက်တွန်း​ကြောင်း ​ရေးသားထားသည်၊


သတင်းနှင့် ဓါတ်ပုံ - #KhitThitMedia

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...