မွေးရာပါအကြားအာရုံမသန်စွမ်းနဲ့စကားမပြောနိုင်သူတစ်ဦးကို ရဲနဲ့စစ်တပ်မှ သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ၁ဦီးသေနတ်ဒဏ်ရာရ
--------------------------------------------------------------------
ပဲခူးမြို့မှာမတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မဇင်းလမ်းဆုံတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးထိုင်သပိတ်ကို ရဲနဲ့စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
အခုလိုဖြိုခွင်းရာမှာ လမ်းဘေးတွင်ရပ်ကြည့်နေတဲ့မွေးရာပါအကြားအာရုံမသန်စွမ်းနဲ့စကားမပြောနိုင်သူတစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး နေရာတွင်သေဆုံးခဲ့ပါတယ်။
သေဆုံးသူဟာ ကိုဇော်အောင်(ခ)ရွှေအ အသက်၃၃နှစ်အမျိုးသားတစ်ဦးဖြစ်ပြီး အနိပ်သည်ပညာနဲ့ အသက်မွေးနေထိုင်သူဖြစ်ပါတယ်။
ဆန္ဒပြနေရာကို သွားကြည့်ရာကနေ ဘူတာကုန်းတံတားအဆင်း မဇင်းလမ်းဆုံမှာ ကျည်အစစ်နဲ့ ပစ်သတ်ခံလိုက်ရတာလို့ ဖခင်ဖြစ်သူကပြောပါတယ်။
အလားတူ ကိုသန်းအောင်ဆိုတာသူကလဲ ဆိုင်ကယ်ပြန်ယူရာ ကျည်အစစ်နဲ့အပစ်ခံရပြီး ခြေသလုံးနဲ့တင်ပဆုံမှာ သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသနေရတယ်လို့ သိရပါတယ်။
ယနေ့ပဲခူးမြို့မှ စစ်အာဏာရှင်ကိုဆန့်ကျင်သည့် ထိုင်သပိတ်၂ခုကို ရဲနဲ့စစ်တပ်မှ အကြမ်းဖက်ပစ်ခက်ခဲ့ပြီး မဇ္ဈိမမှ ယခုအချိန်အထိ အတည်ပြုချက်အရ အမျိုးသား အမျိုးသမီးအပါအဝင်၁၅ဦးအဖမ်းခံထားရတယ်လို့သိရပါတယ်။
No comments:
Post a Comment