မင်္ဂလာဒုံမှာ ညကင်းစောင့် ပြည်သူတစ်ဦး သေနတ်ထိမှန်ကျဆုံး
မင်္ဂလာဒုံ၊ မတ် ၁၂
မင်္ဂလာဒုံမြို့နယ် ဘိုခြံ မြသီတာရပ်ကွက်မှာ မတ်လ ၁၂ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခွဲ အချိန်ခန့်မှာ ရဲကားနဲ့စစ်ကား အစီးရေ ၂၀ ခန့် ရောက်ရှိလာပြီး
ရပ်ကွက် ခြံစည်းရိုးတွေကို ဖြိုဖျက်ပြီး ရပ်ကွက် လုံခြုံရေးယူနေတဲ့ ညကင်းသမားတွေကို အကြမ်းဖက် စစ်အုပ်စုက ကျည်အစစ်တွေနဲ့ အချက် ၂၀ခန့် ဝင်ရောက်ပစ်ခတ် ခဲ့ပါတယ်။
၄င်း ပစ်ခတ်မှု့ကြောင့် အမျိုသား ၁ ဦး ညာဘက်ရင်အုံ ကျည်ဆံထိမှန်၍ နေရာတွင် ပွဲချင်းပီး ကျဆုံးခဲ့ကာ၊ ၃ ဦးဒဏ်ရာရ ခဲ့ပါတယ်။ ဒဏ်ရာရရှိထားသူ ၃ ဦး အနက် ၁ ဦးကို ဒရွတ်တိုက်ဆွဲခေါ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဖမ်းဆီးခံရတဲ့ သေနတ်ထိမှန် ဒဏ်ရာ ထားသူရဲ့ အခြေနေကိုလည်း အခုထိ စုံစမ်းနေဆဲဖြစ်ပြီး မည်သည့်နေရာကို ခေါ်ဆောင်သွားမှန်း မသိရသေးလို့ ရပ်ကွပ်နေ ပြည်သူတချို့ထံမှ သိရပါတယ်။
No comments:
Post a Comment