Monday, March 15, 2021

ပုသိမ်​မြို့ရဲ့ရပ်ကွက်တွေထဲကညသပိတ်တွေကို ရဲနဲ့စစ်တပ်တွေကအကြမ်းပစ်ခတ်မှုမှာ အမျိုးသားနှစ်ဦးကျဆုံး

ပုသိမ်မြို့ ဥမ္မာဒန္တီရပ်ကွက်မှာ ပြုလုပ်တဲ့ ဖယောင်းတိုင်ထွန်းညသပိတ်ကို ရဲနဲ့စစ်တပ်က မတ်လ(၁၄)ရက်နေ့ညကကျည်အစစ်တွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှာတွေပြုလုပ်ခဲ့ပါတယ်။

ရဲနဲ့စစ်တပ်က ဆန္ဒပြသူတွေကို လမ်းသွယ်လမ်းကြားတွေထဲအထိ လိုက်လံပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ဥမ္မာဒန္တီရပ်ကွက်မှာနေထိုင်တဲ့အမျိုးသားတစ်ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။

ဥမ္မာဒန္တီရပ်ကွက်အကြမ်းဖက်ပစ်ခတ်ခံနေရချိန်မှာညသပိတ်ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတဲ့ဘုရားကြီးကုန်း၊ ပပဝတီ ရပ်ကွက်တွေမှာလည်း စစ်တပ်နဲ့ရဲကအကြမ်းဖက်ပစ်ခတ်မှုတွေပြုလုပ်ပြီးဘုရားကြီးကုန်းရပ်ကွက်က အမျိုးသား တစ်ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။

မတ်လ ၁၅ ရက်နေ့နေ့လယ်ပိုင်းက ကျဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ရဲနဲ့စစ်တပ်က လာရောက်သယ်ယူမှုတွေရှိခဲ့ပေမဲ့ မိသားစုက လက်မခံပဲ အလောင်းတွေကို ခွဲစိတ်မယ်ဆို နေအိမ်မှာပဲခွဲစိတ်ဖို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်

မတ်လ(၁၄)ရက်နေ့ညကတစ်ညလုံးနီးပါး ရပ်ကွက်တိုင်းကို ရဲနဲ့စစ်တပ်က ပစ်ခတ်မှုတွေပြုလုပ်ပြီး ကျဆုံးသူ(၂)ဦး ဒဏ်ရာရရှိသူ(၇)ဦး နဲ့ဖမ်းဆီးခံရတဲ့သူတွေရှိတယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူတွေထဲက ၀မ်းဗိုက်ကိုကျည်ဆံ ထိမှန်တဲ့တစ်ဦးနဲ့ ဒူးဆစ်နားကိုကျည်ဆံထိမှန်တဲ့တစ်ဦးက စိုးရိမ်ရတယ်လို့သိရှိြပီးဖမ်းဆီးခံရသူတွေကိုတော့အတည် ြပုလို့မရသေးဘူးလို့သိရပါတယ်






No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...