10.3.2021
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ထဲက ရပ်ကွက်တချို့မှာ မတ်လ ၁၀ ရက်နေ့ညပိုင်းက ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ အာဇာနည်တွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဖယောင်းတိုင်ထွန်း ဆုတောင်းတာတွေလုပ်ခဲ့ကြပါတယ်။
ရန်ကုန်မှာ ဖြစ်ပေါ်နေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုအပေါ် ထပ်တူခံစားရတယ်လို့ ဖယောင်းတိုင်ထွန်း ဆုတောင်းတာတွေက ဆိုကြပါတယ်။
ဒါ့အပြင် R2P ဝင်ဖို့ကိုလည်း တောင်းဆိုကြတာတွေရှိပါတယ်။
No comments:
Post a Comment