မြန်မာလူမျိုးများသည် ဂမ္ဘီရ အတတ်နှင့် အစီအရင်များကို အလွန်တန်ဘိုးထားသည်။ မည်သည့်ကိစ္စမဆို ထိုအစီအရင်များက မပါမဖြစ်။ နေ့စဉ် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေးများအပြင် ဌာနဆိုင်ရာ လုပ်ငန်းများ၊ စီမံကိန်းကြီးများပါမကျန် ထိုအစီအရင်များကို လုပ်ဆောင်ကြသည်။
ပြဿနာကြီးငယ်ပေါ်လာတိုင်း ထိုအစီအရင်များကို စီမံပေးသော ပုဂ္ဂိုလ်ကြီးများကို မေးမြန်းရ၊ တိုင်ပင်ရ၊ ဆွေးနွေးရနှင့် အလုပ်ရှုပ်နေတော့သည်။ ယခု အချိန်အခါတွင် နိုင်ငံတော်တွင် အရေးကြီးသော အခြေအနေ၊ တနည်းအားဖြင့် အရေးပေါ် အခြေအနေ ဖြစ်နေတဲ့အတွက်ကြောင့် သေနာချုပ်မှူးကြီးနှင့် အပေါင်းအပါများက ပုဂ္ဂိုလ်ကြီးများ ပြောသည့်အတိုင်း လုပ်ဆောင်နေကြသည်။
ထို့ကြောင့် သူတို့၏ ဘုန်းကံနှင့်ဆိုင်သောအရာဖြစ်နေသောကြောင့် ဘုန်းကံကျဆင်းစေသောအရာများကို အထူးဂရုစိုက်ဖြေရှင်းနေကြသည်။ မြန်မာလူမျိုးတို့၏ ဓလေ့စရိုက်၊ အစဉ်အလာအရ မိန်းမဆိုသည်မှာ ယောကျ်ားများထက် နိမ့်ပါးသူဖြစ်သည်။ ထိုမျှမက မိန်းမ၏ ညစ်ညူးသော အရာများက လူတို့၏ ဘုန်းကံကို ကျဆင်းစေသည်။ ထို့ကြောင့် မိန်းမတို့၏ ဓမ္မတာအညစ်အကြေးသာမက သာမန် ထမီနှင့် အတွင်းခံများကိုတောင် ရှောင်ရှားကြသည်။
ထိုအခြေအနေတွင် တိုင်းသူပြည်သားများကလည်း သူတို့ရဲ့ အစီအရင်များကို ဖျက်စီးနေကြသည်။ ရသည့်နည်းနှင့် ဖျက်ဆီးနေကြသည်။ သူတို့ ကြောက်လန့်နေသည့် ထမီများနှင့် မိန်းမ အသုံးအဆောင်များကို သူတို့ လာရောက်မည့် လမ်းတွင် တင်ထားပြီး သူတို့ကို အောက်မှ ဖြတ်သန်းစေခြင်းဖြင့် သူတို့ ကျဆင်းသွားရန် စီမံနေကြသည်။ အောက်ပါပုံများကို ကြည့်လိုက်ပါ။
No comments:
Post a Comment