သိထားပြီးသော်လည်း ထပ်၍ ဆွံ့အသွားရတဲ့အဖြစ်!!!
~~~~~~~~~~*********~~~~~~~~~~
🔥မြန်မာသံရုံးရဲ့ သဘောထား
လွှတ်တော်အမတ်တွေကို ပြည်ဝင်ခွင့်မပေးဘူးတဲ့
စစ်သူပုန် သဘောထားနဲ့ သံအမတ် သဘောထား ထပ်တူပါ
🛑Democratic Party ရဲ့ လွှတ်တော် အမတ် Lee Jae Jung ပြောကြားချက် 🛑
မြန်မာနိုင်ငံသို့ လာရောက်ခြင်းကို မြန်မာ စစ်တပ်မှခွင့်မပြုသော ကိစ္စနှင့် ပတ်သတ်သော သတင်းစာ ရှင်းလင်းပွဲ,
မြန်မာရဲ့ နွေဦးတိုက်ပွဲကို ကျွန်ုပ်တို့ အဆုံးအထိ အတူတူ ရပ်တည်ဆောင်ရွက်သွားပါမယ်။
မြန်မာ စစ်တပ်က မြန်မာနိုင်ငံကို အာဏာသိမ်းမှုအား ရှုံ့ချခြင်း နဲ့ ဒီမိုကရေစီ ပြန်လည်ခေါင်းထောင်လာရေးတိုက်တွန်းတောင်းဆိုဖို့ ကျွန်ုပ်တို့ မြန်မာနိုင်ငံသို့ လာရောက်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။
စစ်အစိုးရက တောင်ကိုရီးယားလွှတ်တော်ရဲ့ ပြည်ဝင်ခွင့်တောင်းဆိုချက်ကိုကို ခွင့်မပြုခြင်းနဲ့ ပတ်သတ်ပြီး များစွာ စိတ်မကောင်း ဖြစ်မိပါတယ်။
ဒီ နေရာမှာ ရှိနေတဲ့ အမတ်တွေဟာ မြန်မာနိုင်ငံ အာဏာသိမ်းမှုနဲ့ သွေးမြေကျနေသော ဆိုးရွားသော ဖြစ်ရပ်များကို သိနေရပြီး၊ နိုင်ငံတော် (အချုပ်အချာအာဏာ)ကို ပြန်လည်ရရှိဖို့ မိမိတို့ သဘောဆန္ဒဖြင့် ဆန္ဒပြလှုပ်ရှားနေကြတဲ့ မြန်မာပြည်သူတွေနဲ့ ပူးပေါင်းအားဖြည့်ရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၂.၃.၂၀၂၁ ရက်နေ့မှာ မြန်မာသံရုံးက မြန်မာပြည်ကို သွားရောက်လိုခြင်းကို ခွင့်မပြုတဲ့အကြောင်း အကြောင်းကြားစာကို လက်ခံရရှိခဲ့ပါတယ်။
ဒီ အရာဟာ မတရားနည်းဖြင့် အာဏာကို သိမ်းယူထားတဲ့ မြန်မာ စစ်တပ်ဟာ နိုင်ငံတကာလူ့အဖွဲ့အစည်းရဲ့ စိတ်ဝင်စားမှုနဲ့ အားပေးမှုကို ပြည်သူတွေ မရရှိအောင် ပိတ်ပင်လိုက်တာဖြစ်တယ်။ မှားယွင်းသည့် ဆုံးဖြတ်ချက်ဖြစ်တယ်။
တောင်ကိုရီးယား သမ္မတနိုင်ငံ လွှတ်တော်ရဲ့ ငြိမ်းချမ်းစွာ လာရောက်ခြင်းကိုတောင် ခွင့်မပြုနိုင်လောက်အောင် ဒီမိုကစီနည်းလမ်းကျ အမှန်တရားကို ယုံကြည်ချက် မရှိဘူးဆိုတာ ပြနေတဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။
မီဒီယာမှာ နေ့စဉ်နှင့်အမျှ ဖော်ပြနေတဲ့ မြန်မာနိုင်ငံ အခြေအနေကတော့ ပိုပြီး ဆိုးဝါးလာလျှက်ရှိပါတယ်။
နေ့တိုင်း သေနတ်သံတွေ အဆက်မပြတ်ဖြစ်နေပြီး ပြည်သူတွေကို စက်သေနတ်တွေနဲ့အထိ ပစ်ခတ်လျှက်ရှိတယ်ဆိုတဲ့ သတင်းတွေ သိရှိရပါတယ်။
စစ်ဆေးရရှိထားတဲ့ သေဆုံးသူမှာ အယောက် ၂၅၀ ကျော်ရှိပြီး ပျောက်ဆုံးနေတဲ့ သူတွေအထိဆိုရင် အမှန်တကယ် စတေးခံရသူတွေဟာ ပို များနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
အသက်ပေးစတေးသွားတဲ့ အားလုံးရဲ့ အသက်ဝိဉာဉ်ကို လေးစားဂုဏ်ပြုပြီး၊ အသက်ရှင်လျှက် တိုက်ပွဲဝင်နေကြသော ပြည်သူပြည်သားများကို အားပေးနေပါတယ်။
တစ်ချိန်က စစ်တပ်ရဲ့ အုပ်ချုပ်မှုကြောင့် ဖိနှိပ်မှုကို ခံခဲ့ဖူးပြီး၊ များပြားလှတဲ့ စတေးမှုတွေကို ကြုံတွေ့ခဲ့ရဖူးတဲ့ ကျွန်ုပ်တို့ တောင်ကိုရီးယားနိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုကို ဒီအတိုင်း ရှောင်လွှဲမထားနိုင်ပါဘူး။
နိုင်ငံရဲ့ တကယ့် အကြီးအကဲတွေက ကိုယ့် နိုင်ငံကိုယ် မအုပ်ချုပ်နိုင်တဲ့ အခြေအနေဖြစ်ပြီး၊ နိုင်ငံသူ နိုင်ငံသားတွေက အချုပ်အချာအာဏာ မရရှိ တဲ့ နိုင်ငံဖြစ်နေပါတယ်။
ကျွန်ုပ်တို့က ဒီနေရာကနေ ဒီမိုကရေစီကို ထောက်ခံသူ အနေနဲ့ သွေးစည်းမှုနဲ့ အားပေးနေမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံသို့ ငြိမ်းချမ်းစွာ လာရောက်ခွင့်က မဖြစ်မြောက်ခဲ့ပေမယ့် ကျွန်မတို့ရဲ့ လုပ်ဆောင်မှုတွေကတော့ ဒီမှာ ရပ်သွားမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို ပြန်လည်ရရှိဖို့အတွက် ကျွန်ုပ်တို့ အသံတွေက ဆက်လက်ပြီး ရှိသွားမှာပါ။
UN Security Councilမှာ မြန်မာနိုင်ငံ အခြေအနေကို ဖြေရှင်းရန်အတွက် ပြင်းထန်တဲ့ တောင်းဆိုမှုကလည်း ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
တောင်ကိုရီးယား သမ္မတနိုင်ငံ အစိုးရကလည်း မြန်မာနိုင်ငံရဲ့ ဒီမို့ကရေစီရရှိရေးအတွက် လက်တွေ့ ကြိုးစားမှုတွေကိုလည်း အတူတူ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ လွှတ်တော်နဲ့ နိုင်ငံသားတွေက တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီ အောင်မြင်စွာ ရရှိဖို့အတွက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ အတူ တစ်စိတ်တဝမ်းတည်း စည်းစည်းလုံးလုံးရှိနေကြပါတယ်။
မြန်မာနိုင်ငံသားတွေနဲ့အတူ စစ်တပ်ရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကို အောင်မြင်ပြီး၊ ဒီမိုကရေစီပန်းပွင့်လန်းနိုင်အောင် အဆုံးအထိ အတူတူ ရပ်တည်ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်း ကတိပေးပါတယ်။
ကျေးဇူးတင်ပါတယ်။
2021.3.23.
မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်လည် ရရှိရန်အတွက် တောင်ကိုရီးယားနိုင်ငံ လွှတ်တော်အမတ် အားလုံးမှ-
ဘာသာပြန် -Anonymous Revolutionaries Team
မူရင်း link.
https://news.v.daum.net/v/20210323143600640
Crd
#လက်နှက်ကိုင်အကြမ်းဖက်သူများနှင့်အပေါင်းအပါများ အမြန်ကျရှုံးပါစေ🙏🙏🙏
#အရေးတော်ပုံ မုချအောင်ရမည်💪💪💪
No comments:
Post a Comment