Tuesday, March 16, 2021

စစ်တပ်​ရဲ့ အကြမ်းဖက်မှုတွေ မြင့်တက်နေသောကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် များစွာ တုန်လှုပ်စိတ်ပျက်​နေ

 စစ်တပ်​ရဲ့ အကြမ်းဖက်မှုတွေ မြင့်တက်နေသောကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် များစွာ တုန်လှုပ်စိတ်ပျက်​နေ

===================================

ရန်ကုန်၊ မတ် ၁၆

မြန်မာနိုင်ငံအတွင်း ပြည်သူတွေအပေါ် စစ်တပ်က အကြမ်းဖက်မှုများ မြင့်တက်နေသဖြင့် များစွာတုန်လှုပ် စိတ်ပျက်မိ ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က မတ်လ ၁၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။

ဆန္ဒပြသူများကို သတ်ဖြတ်ခြင်း၊ တရားလက်လွန် ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများကို ညှင်းပန်းနှိပ်စက်ခြင်းများသည် အခြေခံလူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ ဆွေးနွေးမှုများ ပြုလုပ်ရန်၊ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်တင်ပေးရန် တိုက်တွန်းချက်များကို ပြောင်ပြောင်တင်းတင်း ဖီဆန်နေခြင်းလည်းဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ်က ပြောဆိုသည်။

စစ်တပ်၏ ဖိနှိပ်မှုများ အဆုံးသတ်သွားစေရန် နိုင်ငံတကာအသိုင်းအဝိုင်းက အတူတကွစုပေါင်း၍ လည်းကောင်း၊ တစ်နိုင်ငံချင်းအနေနှင့် လည်းကောင်း ကူညီကြရန် ၎င်းက တိုက်တွန်းသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပေးရန်လည်း ၎င်းက တိုက်တွန်းသည်။

ယင်းသို့ လာရောက်ခြင်းမှာ မြန်မာနိုင်ငံတွင် အခြေအနေများ တည်ငြိမ်အောင် ဆောင်ရွက်ရန်၊ ဆွေးနွေးမှုများပြုလုပ်နိုင်ရန်၊ ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန် လိုအပ်သည်များ ပြင်ဆင်ရန် အရေးကြီးသော အစိတ်အပိုင်းဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူးချုပ်က ပြောဆိုသည်။

အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ကလည်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ၏ တိုက်တွန်းမှုများကို ဆန့်ကျင်ဖီဆန်ကာ မြန်မာစစ်တပ်က ပြည်သူများကို သေကြေဒဏ်ရာ ရရှိစေရန် ဆက်လက်လုပ်ဆောင်နေမှုများကို အပြင်းအထန်ကန့်ကွတ်ရှုတ်ချကြောင်း ကြေညာချက်ထုတ်ထားသည်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...