Friday, March 26, 2021

ဆိပ်မူကျေးရွာမှာ ရဲကား (၃)စီး မိုင်းခွဲ တိုက်ခိုက်ခံရ

 ဆိပ်မူကျေးရွာမှာ ရဲကား (၃)စီး မိုင်းခွဲ တိုက်ခိုက်ခံရ

မတ် ၂၆ -၂၀၂၁

ZMH(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်နယ်၊ ဆိပ်မူကျေးရွာ ကျောက်သွေးတောင်လမ်းမှာ အထူးတိုက်ခိုက်ရေး ရဲတပ်ရင်းကား (၃)စီးကို ဒီကနေ့ ညနေ ၄ နာရီလောက်က  မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုင်းတောင်ဒေသခံတွေဆီကနေ သိရပါတယ် ။

" ဆိုင်းတောင် NLD ရုံးရှေ့လမ်းမှာ ရဲကားသုံးစီးသွားနေတုန်း ဆီးပစ်တယ်ထင်တာပဲ ၊ လက်နက်ကြီးလား ၊မိုင်းလား ၊ဗုံးလားတော့မသိဘူး ။ နောက်ဆုံးရဲကားကတော့ ဘယ်မှန်တယ်တော့မသိဘူး ။မီးခိုးလုံးတွေ ကြားထဲက ရဲတွေထွက်ပြေးလာတာ တွေ့တာပဲ "လို့ မျက်မြင်တွေ့ရှိတဲ့ ဆိုင်းတောင်ရွာသားတစ်ဦးကပြောပါတယ် ။ 

မိုင်းခွဲတိုက်ခိုက်ခဲ့တာအပြင် တောင်ကုန်းပေါ်ကနေ လှမ်းပစ်တာတွေလည်း ရှိခဲ့တယ်လို့လည်း  ရွာသားတွေက ပြောပါတယ် ။ 

အဲ့ဒီလိုပစ်ခတ်မှုကြောင့် ရဲသားတစ်ဦး လက်မှာ ဒဏ်ရာရခဲ့တာကို တွေ့ခဲ့ရတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ တပ်မတော်၊တိုက်ခိုက်ရေး ရဲတပ်ရင်းတို့ဟာ မတ်လဆန်းပိုင်းကစပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...