ပေါက်တောဝတွင် ဆက်လက်ဆန္ဒပြ
အင်းစိန်ပေါက်တောဝတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်ဆန္ဒပြသူများ ပြုလုပ်ထားသည့် အရံအတားများကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သော်လည်း ပြည်သူများက ဆက်လက်ဆန္ဒပြလျက်ရှိသည်။
ယနေ့နံနက်ပိုင်း၌ အင်းစိန် ပေါက်တောဝ ရပ်ကွက်နေပြည်သူများ ပြုလုပ်ထားသည့် ခံစစ် အကာအကွယ်များကို ရဲနှင့်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါနေရာတွင် လေးနာရီနီးပါး တပ်စွဲထားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လက်နက်ကိုင်များ ပြန်လည်ထွက်ခွာသွားပြီးနောက် ပြည်သူများက လမ်းပေါ် ပြန်ထွက်လာကာ ထပ်မံဆန္ဒပြနေကြခြင်းဖြစ်သည်။
No comments:
Post a Comment