Thursday, March 11, 2021

မန္တလေးမြို့ နေရာအနှံ့မှာထိုင်သပိတ်လုပ်

 12.3.2021

မန္တလေးမြို့ နေရာအနှံ့မှာ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ထိုင်သပိတ်လုပ်တာ နဲ့ ချီတက်ဆန္ဒပြတာတွေကို တွေ့ရပါတယ်။

မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာဆိုရင် လူဦးရေထောင်နဲ့ချီပြီး ချီတက်ဆန္ဒပြခဲ့ကြပြီး ထိုင်သပိတ်လုပ်တာတွေပါရှိခဲ့ပါတယ်။ ပြည်ကြီးတံခွန်မြို့နယ် စက်မှုစုပေါင်းသပိတ် ဟာ ချီတက်ဆန္ဒပြတာတွေ လုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်မှာလည်း ထိုင်သပိတ်လုပ်ခဲ့ကြပြီး ထိုင်သပိတ်ပြီးခါနီးမှာပဲ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတာတွေရှိခဲ့ပါတယ်။

မနေ့က ဖြိုခွဲခံလိုက်ရတဲ့ မြတောင်သပိတ်စစ်ကြောင်းဟာလည်း ဒီကနေ့မှာ လူဦးရေ ထောင်ချီပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာ ဆက်လက်တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။







No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...