Friday, March 5, 2021

ပစ်လေ ရှုံးလေ မုန်းလေပါ


မနေ့က မအလဟာ သူ့ရည်မှန်းချက် အောင်မြင်ဖို့ မတ် ၂၇ မှာ ဆန္ဒပြပွဲကို အပြီးသတ်ဖို့ လူမစုခင် ဖြိုခွဲဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ အဲ့ဒီလို ဖြိုခွဲဖို့ ကြိုးစားတာကလဲ သူအာဏာသိမ်းပေမယ့် ဘာမှ ထိထိရောက်ရောက် အုပ်ချုပ်လို့ မရလို့ပါ။ အဓိက စီးပွါးရေးတွေက ရပ်ထားရလို့ ဝင်ငွေမရှိပါ။ ဒါ့ကြောင့် ဆန္ဒပြလူအုပ်ကို ရှင်းဖို့ကြိုးစားလာပါတယ်။

မနေ့က ပစ်တာဟာ စစ်ရာဇဝတ်မှုတင်မက လူသားမျိုးနွယ်တွေအပေါ်မှာ ပြစ်မှုကျူးလွန်လိုက်တာပါ။ စက်သေနတ်နဲ့ပစ်တာ လေယဉ်ပေါ်က ဓာတုလက်နက်လား ဘာလားမသိတဲ့ ဆေးတွေကို ဆန္ဒပြသမားတွေအပေါ် ဖြန်းတာ လူတွေကို သေအောင်ပစ်သတ်နေတာဟာ မအလ ကြောက်ကန်ကန်နေတာကို ပြနေပါတယ်။


ယခုလို များများပစ်လေ သူ့ရဲ့ပြစ်မှုတွေက များလာလေပါ။ ပြည်သူတွေကလဲ သူ့ကို မစင်ထက်တောင်ရွံလာနေလို့ ရှုံးပါတယ်။ အရေးကြီးတာက အဲ့ဒီလို စက်သေနတ်နဲ့ပစ်တာ လေယဉ်ပေါ်က ပစ်တာတွေဟာ သူ့လည်ပင်းသူ ကြိုးကွင်းစွတ်နေတာပါလို့ ပြောပါရစေ။


ပစ်လေ ရှုံးလေပါ မအလ။ မင်းလဲ ဝဋ်လည်မှာပါ။

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...