Monday, March 15, 2021

အင်တာနက်မရ၍ သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ယနေ့ရုံးမထုတ်နိုင်

 အင်တာနက်မရ၍ သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ယနေ့ရုံးမထုတ်နိုင်

အင်တာနက်လိုင်းမရသဖြင့် ယနေ့ Video Conferencing စနစ်ဖြင့် ပြုလုပ်မည့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ တတိယအကြိမ်ရုံးချိန်းကို ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပေ။

ထို့ပြင် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ၎င်း၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ရန် လက်ခံထားသည့် ၎င်းကိုလည်း ရဲတပ်ဖွဲ့က ရှေ့နေကိုယ်စားလွှဲစာရရှိရန် စီစဥ်ပေးခြင်းမရှိသေးကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖြစ်လိုက်ပါဆောင်ရွက်ရန် တင်ပြထားသည့် ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ်တို့အနက်မှ လူငယ်ရှေ့နေများဖြစ်သည့် ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ်တို့ကိုသာ ရှေ့နေကိုယ်စားလှယ်လွှဲစာရရှိရန် ရဲတပ်ဖွဲ့ဘက်က ဆောင်ရွက်ပေးမည်ဟု ပြောလာကြောင်း ဦးခင်မောင်ဇော်က ဆိုသည်။

"ကျွန်တော်တို့ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း အမည်သိထားပြီးပြီ။ CEC (ဗဟိုအလုပ်အမှုဆောင်ကော်မတီ)ကလည်း အဆိုပြုထားတာဆိုတော့ ကျွန်တော်တို့ကတော့ ရကိုရရမယ်ဆိုတဲ့ သဘောထားနဲ့ ဆက်သွားမှာပါ"ဟု ၎င်းကပြောသည်။

ထို့ကြောင့် နောက်ရုံးချိန်းဖြစ်သည့် မတ်၂၄ရက်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်က ခွင့်ပြုထားသည့် ရှေ့နေအကြီးပိုင်းများ ရှေ့နေကိုယ်စားလှယ်လွှဲစာရရှိအောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးခင်မောင်ဇော်က ဆိုသည်။ 

ထို့ပြင် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမှုများနှင့်ပတ်သက်၍ ယခုကဲ့သို့ အခက်အခဲများသည် တရားမျှတမှုဆိုင်ရာ အခွင့်အရေးများကို ရုတ်သိမ်းခံရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တရားစွဲတင်ခံထားရသည့် အမှုများကို ဇမ္ဗူသီရိမြို့နယ်တရားရုံးက စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်သည်။

လက်ရှိတွင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့်အမှုပေါင်း လေးခုရှိပြီး ၎င်းတို့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၆၇နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)တို့ ဖြစ်သည်။

သမ္မတဦးဝင်းမြင့်ကိုမူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၂၅နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုထားသည်။



သတင်းနှင့် ဓာတ်ပုံ - ဖရွန်းတီးယားမြန်မာ

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...