ရန်ကုန်၊ မတ် ၅။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅မြို့နယ်အနက် မြို့နယ် ၃၄မြို့နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)များ ဖွဲ့စည်းထားရှိနိုင်ခဲ့ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှစတင်ကာ ကြားကာလအနေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်ကို ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။
ထိုသို့ညွှန်ကြားခဲ့ခြင်းအတွက် ရန်ကုန်တိုင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအားလုံးကို ဖေဖော်ဝါရီလ ၂၅ရက်နေ့ နောက်ဆုံးထားပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရန် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
ယခုလက်ရှိအချိန်မှာ ရန်ကုန်တိုင်းအတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးသည့် မြို့နယ်များမှာ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဗဟန်းတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် လသာ၊ ဒေါပုံ၊ ပန်းပဲတန်း၊ လမ်းမတော်၊ အလုံ၊ လှိုင်၊ မရမ်းကုန်း၊ စမ်းချောင်း၊ ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒလ၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်း၊ သန်လျင်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အရှေ့လှိုင်သာယာ၊ အနောက်လှိုင်သာယာနဲ့ လှည်းကူးတို့လည်း ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ထို့နောက် ကျန်ရှိနေသေးသည့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို ဆက်လက်ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ သိရသလို ထိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို မတ်လ ၁၀ရက်နေ့ နောက်ဆုံးထားကာ ဖွဲ့စည်းရန် CRPH မှဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ညွှန်ကြားထားတာဖြစ်ပါတယ်။
TMA
No comments:
Post a Comment