မြန်မာနိုင်ငံစစ်အာဏာသိမ်း သေနာချုပ်မှူးကြီးနဲ့ အပေါင်းအပါများက စစ်လက်နက် အပြည့်အစုံ လူအင်အား အများအပြားနဲ့ အာဏာဖီဆန်ပြီး လမ်းပေါ်မှာ ဆန္ဒပြနေတဲ့ နောက်ဆုံးမျိုးဆက်ဖြစ်သော လူငယ်လူရွယ်များကို အားတတ်သရော နှိမ်နင်းနေသည်။ သူတို့ရဲ့ နှိမ်နင်းခြင်းကို ဘာလက်နက်မျှ မရှိဘဲ တွန်လှန်အံတုနေသော လူငယ်များမှာ တနေ့တစ်ခြား ပိုမိုများပြားလာသည်။ သူတို့ရဲ့ အသက်ခန္ဓာကိုလည်း ဂရုမစိုက်ဘဲ လက်နက်မဲ့ တော်လှန်ရေးကို အကြောက်အလှန့်မဲ့စွာ လုပ်ဆောင်နေကြသည်။
ထိုလူငယ်လေးများရဲ့ လက်ထဲမှာ ကိုကာကိုလာ အချိုရေဘူးလေးများကို ကိုင်ဆောင်ကာ လက်နက်ကိုင် သေနာတွေနဲ့ ပစ်ခတ်မှုတွေ၊ အထူးသဖြင့် မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်မှုတွေကို တွန်းလှန်နေခဲ့ကြသည်။ အချို့လူငယ်များ မိမိတို့ အိမ်မှာတင် သံပြားများ၊ စည်ပိုင်တိုများကို ဖြတ်တောက်ပြီး ပြုလုပ်ထားသော ဒိုင်းအကာလေးများကိုလည်းကိုင်စွဲထားကြသည်။
တဖက်က ပစ်ခတ်လာခဲ့လျှင် ဆန္ဒပြလူငယ်ထုကို ထိုလူငယ်များက တတ်နိုင်လောက် အကာအကွယ် ပေးကြသည်။ ဒိုင်းဖြင့် ကာသူကကာ၊ မျက်ရည်ယိုဗုံးကို အဝတ်စိုဖြင့် အုပ်သူက အုပ်၊ ရနိုင်လျှင် မည်သည့် အကာမှ မပါဘဲ ထိုဗုံးကို ပြန်လည်ကောက်ကိုင်ပြီး စစ်တပ် စစ်သားများထံ ပြန်လည် ပစ်ထည့်သည်။ အခြေအနေ ပေးလျှင် ပေးသလို လုပ်ဆောင်နေကြသည်။ ထိုလူငယ်များကို နွေဦးတော်လှန်ရေး၏ သူရဲကောင်းများဟု ကင်ပွန်းတက်ချင်ပါသည်။
No comments:
Post a Comment