Thursday, March 4, 2021

တိုက်ခန်းများပေါ်မှ အသံများ

သေနာချုပ်ကြီး မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ဟာ လူတွေရဲ့ စိတ်နှလုံးမှာ ဘယ်လောက်တောင် နာကျင်နေသလဲဆိုတာကို အခြေအနေတွေက ဖော်ပြနေပါတယ်။ လူတွေဟာ နေ့မှာလည်း ဒီစိတ်၊ ညမှာလည်း ဒီစိတ်၊ အိပ်ရင်တောင် ကောင်းကောင်းမအိပ်နှိင်။ ဒီလူကို စိတ်နာကြည်းမှုတွေက နေရာတိုင်းမှာ သက်သေထူနေပါတယ်။

တာမွေမြို့နယ်ဆိုတာ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ ရွေးကောက်ပွဲဝင်ရာ နယ်မြေဖြစ်ပါတယ်။ သူတို့ရဲ့ နယ်မြေက လွတ်တော်ကိုယ်စလှယ်အတွက်ဘဲဖြစ်ဖြစ်၊ နိုင်ငံတော် သမ္မတကြီးတစ်ယောက်အနေနဲ့ဘဲဖြစ်ဖြစ် အခုလို နှိပ်ကွက်ထားတာကို ဘယ်လိုမှ လက်မခံနိုင်ကြောင်း သက်သေထူခဲ့ပါတယ်။

နေ့လည်မှာ ဆန္ဒပြခဲ့သည်သာမက ညပိုင်းရောက်တော့လည်း အိမ်ထဲကနေ အော်ဟစ်ဆန္ဒပြနေခဲ့တယ်ဆိုတာ ဒီဗွီဒီယိုလေးနဲ့ ဖော်ပြလိုက်ပါတယ်။

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...