တောင်ကြီးမြို့ထဲ စစ်သားနဲ့ ရဲတွေက ကားကြီးနဲ့ လိုက်တိုက်တဲ့အတွက် တစ်ဦးသေဆုံးရ
တောင်ကြီး၊ မတ် ၁၇
ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့မှာ ရဲနဲ့ စစ်သားတွေက ကားကြီးနဲ့ လိုက်တိုက်တဲ့အတွက် လူတစ်ဦးသေဆုံးရကြောင်း သိရပါတယ်။
ဒီကနေ့ မတ်လ ၁၇ ရက်နေ့ နံနက ၈ နာရီဝန်းကျင် အချိန်မှာ တောင်ကြီးမြို့ မင်းလမ်းရှိ အင်းဝဘဏ်အနီးတစ်ဝိုက်က လမ်းပေါ်က ဆိုင်ကယ်များကို ရဲ့နဲ့ စစ်သားတွေက ကားနဲ့ လိုက်တိုက်တဲ့ အတွက် လူနှစ်ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးရကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ လက်သုံးချောင်း ထောင်ပြတဲ့ ဆိုင်သမားကို ရဲနဲ့ စစ်သားက ကားနဲ့ လိုက်တိုက်ရာမှ လမ်းသွားလမ်းလာ ဆိုင်ကယ်သမားကို တိုက်မိပြီး တစ်ယောက်က လက်ကျိုးကာ တစ်ယောက်က ဆုံးသွားရကြောင်း သိရပါတယ်။
ဈေးဝယ်ရန် ထွက်လာတဲ့ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးနဲ့ လူလတ်ပိုင်း အရွယ်အမျိုးသား တစ်ဦးတို့ စီးနင်းလာတဲ့ ဆိုင်ကယ်က အတိုက်ခံရပြီး အဖိုးအရွယ်အမျိုးသားကတော့ ရရှိထားတဲ့ ဒဏ်ရာများနဲ့ နေရာမှ ပင်မထနိုင်တဲ့အတွက် လူနာတင်ကားက လာရောက် ခေါ်ဆောင်သွားသော်လည်း နေအိမ်မှာ သေဆုံးသွားရကြောင်း မျက်မြင်များကပြောပါတယ်။
လတ်တလောကာလမှာ တောင်ကြီးမြို့တွင်း ပြုလုပ်တဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ လူထုကို ရဲနဲ့ စစ်သားတွေက လိုက်လံ ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်း နေ့စဥ်ပြုလုပ်နေတာ ဖြစ်ပါတယ်။
နန်းဆိုင်လီ
ဓာတ်ပုံ - လူမှုကွန်ယက်
Source: TAI History
No comments:
Post a Comment