Thursday, March 4, 2021

အမေရိကန်နိုင်ငံ ဝါရှင်တန် သံရုံးလည်းCDM မှာပါဝင်ပြီ။

 

ဝါရှင်တန် မြန်မာသံရုံးက ဝန်ထမ်း ဦး CDM မှာပါဝင်လာ

~~~~~

အမေရိကန် ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးက ဝန်ထမ်း ဦးဟာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်မယ်လို့ မတ်လ ရက်နေ့ ဒီကနေ့ ကြေညာလိုက်ပါတယ်။

သံရုံးဝန်ထမ်းတွေ အားလုံး CDM မှာပူးပေါင်းပါဝင်ဖို့ ဝါရှင်တန်ရောက်မြန်မာတွေ စုပေါင်းပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စာရေးသားပေးပို့ တောင်းဆိုပြီးနောက် ပထမဆုံးအနေနဲ့ ဝန်ထမ်းငါးဦး ပါဝင်လာတာပါ။

သံရုံး တတိယအတွင်းဝန် ဦးကျော်စွာထွန်း၊ ကိုဇင်ဘုန်းတင့်၊ မကြူကြူမြင့်၊ ဒုတိယအတွင်းဝန် မစုစုအောင်နဲ့ ဒုတိယအတွင်းဝန် မသက်ထားမြရည်စံတို့တွေ CDM မှာပါဝင်လာတာဖြစ်ပါတယ်။

သံအမတ်ကြီး ဦးအောင်လင်းကတော့ CDM မှာပါဝင်ခြင်းရှိ၊ မရှိ RFA က အတည်ပြုချက်မရသေးပါဘူး။

CDM မှာပါဝင်တာဟာ ရာထူးတာဝန်ကနုတ်ထွက်လိုက်တာ မဟုတ်ဘူးလို့လည်း သူတို့ရဲ့ Facebook စာမျက်နှာကနေ တပြိုင်နက်တည်း ဒီနေ့ ကြေညာပါတယ်။

နိုင်ငံတော်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှံပေးဖို့လည်း တောင်းဆိုလိုက်ကြပါတယ်။

အခု CDM မှာပါဝင်တဲ့ မြန်မာသံရုံးဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်တဲ့ဝန်ထမ်း အပြောင်းအရွေ့စာရင်းမှာ ပါဝင်သူတွေဖြစ်ပါတယ်။


သံရုံးကနေ ကြော်ငြာချက် ထုတ်ပြန်

**************

ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ဝါရှင်တန်မြန်မာသံရုံး ကြေညာချက်ထုတ်

.......

ဆန္ဒပြသူတွေကို အင်အားသုံးနှိမ်နင်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ဝါရှင်တန်မြန်မာသံရုံး ကြေညာချက်ထုတ်





No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...