Saturday, March 6, 2021

ပင်ပန်းနေပြီလား Dr. SaSa

 ​ဒေါက်တာဆာဆာ

ဒီနေ့ လူငယ်တွေ ပိုင်းခြားထားတဲ့ မျိုးဆက်အနေနဲ့ဆိုရင်တော့ Generation Y အသက်အရွယ်လောက်ဖြစ်ပါတယ်။ သူဟာ ဆရာဝန်တစ်ယောက်အနေနဲ့ မိမိရပ်ရွာမှာ ဆေးကုသလိုက်၊ ပရဟိတလုပ်ငန်းလေးတွေ လုပ်ဆောင်နဲ့ အေးရာအေးကြောင်း နေထိုင်နိုင်တဲ့သူပါ။ ဒါပေမယ့် သူဟာ အခုအချိန်မှာ အရာရာကို စွန့်လွတ်ပြီး ကိုယ်စွမ်း ညဏ်စွမ်း ရှိသမျှနဲ့ ကြိုးစားအားထုပ်နေတာကို တွေ့ရမှာပါ။

 

တစ်နေ့ တစ်နေ့ ဒေါက်တာ ဆာဆာ ဟာ နားချိန်မှ ရှိရဲ့လားလို့ တွေးမိတယ်။ သူ့ထံကို ပို့နေတဲ့ သောင်းနဲ့ချီတဲ့ အီးမေလ်းတွေကို အချိန်ပေးပြီး ဖတ်ရတယ်။ တစ်နေ့က သူ့ရဲ့ ဗွီဒီယိုမှာဆိုရင် (၁၂) နာရီလောင် အချိန်ပေးပြီး အီးမေလ်း ဖတ်တယ်လို့ သိရပါတယ်။ ဒါတင်မက သတင်းဌာနတွေနဲ့ အင်တာဗျူးပေါင်း မြောက်များစွာကိုလည်း ဖြေကြားနေရတယ်။ ဒါတင်မက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အကြီးအကဲကြီးတွေနဲ့ နေ့စဉ် အစည်းအဝေးတွေ ရှိနေတယ်။ နောက်ပြီး ပြည်တွင်းက အဖွဲ့အစည်းတွေနဲ့လည်း နေ့စဉ် အစည်းအဝေးတွေ လုပ်ဆောင်ရသေးတယ်။ တကယ် ပင်ပန်းနေလောက်ပါပြီ။

 

ဒါကြောင့် သူ့ရဲ့ ကြိုးစားမှုတွေ အထမြောက်ဘို့အတွက် ကျွန်တော်တို့ကလည်း ပြည်တွင်းကနေ စည်းကမ်းရှိရှိ၊ တာဝန်သိသိနဲ့ တတ်နိုင်သလောက် နိုင်ငံရဲ့ အရေးတွေမှာ ပါဝင်ကြရအောင်။  CDM လုပ်ငန်းတွေမှာ ပါဝင်ပေးရအောင်။ နေ့စဉ် ဆန္ဒပြ တိုက်ပွဲဝင်နေတဲ့ ကလေးတွေကို ကူညီကြရအောင်။ ကိုယ်တိုင်လည်း တတ်နိုင်ရင် အဲဒီအစီအစဉ်တွေမှာ ပါဝင်ကြရအောင် ဆိုတာ တိုက်တွန်းလိုက်ပါတယ်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...