RCSS နှင့်ဒေါက်တာ ဆာဆာတို့ ဆွေးနွေးရန်ရှိ
===============================
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာက ၄င်း၏ လူမှုကွန်ရက်တွင် ယနေ့ ရေးသားထားသည်။
ယင်းသို့တွေ့ဆုံဆွေးနွေးရန် RCSS ဘက်မှ စာရေးတောင်းဆိုကြောင်းသိရသည်။ RCSS ၏ နိုင်ငံခြားရေးရာဌာနက ပေးပို့သောစာတွင် လာမည့်အနာဂတ်တွင် အတူတကွလုပ်ဆောင်မည့်အကြောင်းအရာများဆွေးနွေးလိုကြောင်း
ဖော်ပြထားသည်။
ဖက်ဒရယ်ဒီမိုကရေစီ ဥပဒေသစ်ပေါ်
ပေါက်ရေးနှင့် ၂၀၀၈ ဖျက်သိမ်းရေး စသည့် နိုင်ငံရေးမူများကို CRPH က ထုတ်ပြန်ပြီး တနေ့တည်းတွင် ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်များနှင့် ဒေါက်တာ ဆာဆာတို့ ဆွေးနွေးခဲ့ကြသည်။
KNU နှင့် RCSS တပ်ဖွဲ့ နှစ်ခုလုံးသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော၊ အင်အားတောင့်တင်းသော အဖွဲ့နှစ်ဖွဲ့ဖြစ်သည်။
No comments:
Post a Comment