Monday, April 12, 2021

မိုးမောက်မြို့နယ်၌ တိုက်ပွဲပြင်းထန်ဆက်ဖြစ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံး

11.4.2021

မိုးမောက်မြို့နယ်၌ တိုက်ပွဲပြင်းထန်ဆက်ဖြစ်၊  စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ ကချင်လက်နက်ကိုင်အဖွဲ့  (KIA)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဧပြီ ၁၁ ရက် ဒီနေ့မနက်မှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေပါတယ်။

နောင်ကုန့်ရွာအနီးရှိ မခွယ်ရွာအမြောက်တပ် (၃၇၀) နဲ့ KIA တို့  မနေ့ည ၈ နာရီကျော်က တည်းက ညသန်းခေါင်းကျော်လောက်အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကာ ခဏရပ်နားခဲ့ပြီး ဒီနေ့ မနက် ၈ နာရီလောက်မှ စတင်ပြန်လည်ကာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ခတ်ခဲ့ကြတယ်လို့  ဒေသခံတချို့က ပြောပါတယ်။

စစ်ကူလာတဲ့ စစ်ကား  ၂ စီကိုလည်း  ကေအိုင်အေက ချုံခိုတိုက်ခဲ့တာကြောင့်  စစ်ကောင်စီတပ်တွေ အထိခိုက်ကျဆုံးများခဲ့တယ်လို့ ကေအိုင်အေ ဘက်ကပြောပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးက "အခုတောင်မိုင်းသံ အကျယ်ကြီးကြားလိုက်ရတယ်။ ကျနော်တို့ ပုန်းနေရတယ်။ တံတားမိုင်း အခွဲခံလိုက်ရတာနေမှာ တပ်ထဲကိုတော့ ကေအိုင်အေတို့ ဝင်စီးနိုင်ပြီလို့လည်းကြားရတယ်” လို့ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ရာဘက်သို့ ဒေါ့ဖုန်းယာန်ဘက်ကတပ်နဲ့ မြို့သစ်ကုန်းဘက်က  တပ်တွေက လက်နက်ကြီးတွနဲ့ လှမ်းပစ် စစ်ကူပေးနေတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲကြောင့် နောင်ကုန့်ရွာနဲ့ အနီးနားရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒေသခံ အမျိုးသမီးတဦးက "ကျမတို့ တောဘက်တွေလည်းမသွားရဲဘူး။ မိုင်းတွေထိလို့ ကျွဲ၊ နွားတွေလည်း ဆယ်ကောင်ထက်မနည်း သေကုန်ကြပြီ၊ အခုမနက်လည်း အကြီးကျယ်ချနေကြတယ်။ ရွာသူ ရွာသားတွေကတော့ ဘုန်းကြီးကျောင်း တွေမှာ ထွက်ပြေးခိုလှုံနေတယ်"လို့ ပြောပါတယ်။

အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသမှာ ရွာပေါင်း၂၀ ထက်မနည်းရှိပြီး ရှမ်းမျိုးနွယ်စုတွေအများစု နေထိုင်ကြတဲ့ အရပ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက် အထိအခိုက်အကျဆုံး စာရင်းအတိအကျ မသိရှိရသေးဘဲ ဒီနေ့မနက် ၁၀ နာရီကျော်လောက်အထိ  တိုက်ပွဲဖြစ်နေတုန်းပဲလို့ သိရပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ မီဒီယာတွေကနေ ထုတ်လွှင့်ခြင်းမရှိသေးပါဘူး။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...