Sunday, April 4, 2021

ကလေးမြို့မှာ ဖမ်းဆီးထားတဲ့ လူချင်းလဲလှယ်

 ကလေးမြို့မှာ ဖမ်းဆီးထားတဲ့ လူချင်းလဲလှယ်

~~~~~~
■ စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေဘက်က ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ စစ်တပ်နဲ့ရဲဘက်က ဖမ်းဆီးထားတဲ့ ဒေသခံ ကိုးဦးကို မနေ့ညက လူချင်းလဲလှယ်မှုတွေလုပ်ခဲ့တယ်လို့ ဆန္ဒပြသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန္ဒပြသပိတ်ခေါင်းဆောင်တစ်ဦးက သပိတ်မှာ အဖမ်းခံရသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ညှိနှိုင်းပြီး ဖမ်းဆီးထားသူတွေကို အပြန်အလှန်လဲလှယ်ခဲ့ကြတာလို့ RFA ကိုပြောပါတယ်။
"ဟိုးအရင်ကတည်းက ဖမ်းထားတဲ့ NlD အတွင်းရေးမှုး ကိုကျော်မိုးက အစပေါ့နော် သပိတ်မှာ ဖမ်းခံရတဲ့ ကျောင်းသားပြည်သူတွေအကုန်လုံးကို ခြွင်းချက်မရှိ လွတ်ပေးဖို့ပေါ့နော် အဲလိုညှိနှိုင်းထားတယ်။ မနေ့ကတော့ ဘယ်လိုလဲဆိုတော့ ကိုးယောက်ကို လွတ်ပေးတယ်။ ကျန်တဲ့သူတွေကတော့ ရုံးဖွင့်ရက်ကျမှ ပြန်လွတ်ပေးမယ်။ ကျွန်တော်တို့ဘက်က ခြောက်ယောက်ကို လွတ်ပေးလိုက်ရတယ်။ သူတို့ဘက်က အာမခံချက်ပေးတယ်လို့ပြောတယ်။ ဘယ်လိုအာမခံထားလဲဆိုတော့ မနက်ဖြန်ကျရင် အကုန်လုံးလွတ်ပေးမယ်ဆိုတဲ့ အာမခံချက်နဲ့ဗျ"
ဆန္ဒပြသူတွေ ဖမ်းဆီးထားသူတွေကတော့ ယာဉ်ထိန်းရဲ လေးဦးနဲ့ ရဲတပ်သား နှစ်ဦးဖြစ်ပြီး စစ်ကောင်စီကို သတင်းပေးနေတာကြောင့် ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နဲ့ ဧပြီလ ၁ ရက်နေ့တွေမှာ အသီးသီးဖမ်းဆီးထိန်းသိမ်းထားတာလို့ ဆန္ဒပြသပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။
စစ်တပ်နဲ့ရဲကပြန်လွှတ်ပေးလိုက်သူတွေကတော့ သပိတ်စခန်းအနီး သွားလာသူတွေနဲ့ ရပ်ကွက်အတွင်း သွားလာနေစဉ်မှာ ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးမြို့မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ပတ်သက်လို့ ရဲနဲစစ်တပ်က အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းတာကြောင့် ဒီနေ့အထိ သေနတ်ထိမှန် သေဆုံးသူ ၁၇ ဦးနဲ့ ဒဏ်ရာရရှိသူတွေလဲ အများအပြား ရှိတယ်လို့ဒေသခံတွေက ပြောပါတယ်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...