Saturday, April 3, 2021

အကြမ်းဖက်စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

3.4.2021

အကြမ်းဖက်စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

 ———————————-

မုံရွာမြို့မှာ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်း အချိန်ကတည်းကအကြမ်းဖက်စစ်ကောင်စီက စတင်ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ပါတယ်။

ဒဏ်ရာရှိသူ ၅ ဦးထက်မနည်းရှိပြီး သေနတ်ကျည်မှန်ပြီး သေဆုံးသူတွေဟာ ဦးခေါင်း၊ လည်ပင်း စတဲ့နေရာတွေကို ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရန်ကင်း၊ နန္ဒာဝန်၊စက်မှုဇုံ၊မြဝတီ ရပ်ကွက်တွေအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

လမ်းတွေမှာ အာဏာသိမ်းစစ်ကောင်စီက လုံခြုံရေးစစ်သားတွေချထားတဲ့အတွက် Medical Cover ပေးနေတဲ့ အဖွဲ့တွေအနေနဲ့ လူနာတွေကို ကယ်ဆယ်ဖို့ ခက်ခဲ့ခဲ့ပါတယ်။ 

ရပ်ကွက်အတွင်း ဝင်ရောက်ဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း အခုလိုပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲ့တာတွေအပြင် ဒီကနေ့ဟာ မုံရွာမြို့မှာ မတ်လ ၃ ရက်နေ့က ကျဆုံးခဲ့ အာဇာနည် ၉ ဦး သေဆုံးတာ တစ်လပြည့်တဲ့နေလဲ ဖြစ်ပါတယ်။

(ပြင်ဆင်ချက်။  ။ အတည်ပြုနိုင်သော သေဆုံးသူ ဦးရေမှာ သုံးဦးသာဖြစ်ပါသည်။)






No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...