11.4.2021
ရေစကြိုမြို့နယ်က မအူအလယ်ကျေးရွာက စစ်အာဏာရှင်ပြုတ်ကျရေး ညသပိတ်
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ကျေးရွာမှာ ဧပြီလ ၁၁ ရက်နေ့ညက စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ညသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
ရေစကြိုမြို့မှာ အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြပြည်သူတွေကို ၅ ကြိမ်လောက် အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးတော့ အမျိုးသမီးတစ်ဦး လက်ကျိုးခဲ့ကာ ၆ ယောက်လောက်ဖမ်းဆီးခံရတယ်လို့ ရေစကြိုမြို့နယ် သပိတ်ခေါင်းဆောင် ကိုဝေယံနိုင်က ပြောပါတယ်။
ရေစကြိုမြို့ပေါ်မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ဖြိုခွင်းဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် စစ်အာဏာရှင်အမြစ်ပြတ်ပြုတ်ကျရေးအတွက်
ပြောက်ကျားစနစ်နဲ့ တော်လှန်ဆန္ဒပြနေကြတာဖြစ်ပါတယ်။
No comments:
Post a Comment