Friday, April 2, 2021

စစ်ကိုင်းမှာမနေ့ညက ကျည်ထိမှန်တဲ့ ကင်းသမား သေဆုံး

1.4.2021

 စစ်ကိုင်းမှာမနေ့ညက ကျည်ထိမှန်တဲ့ ကင်းသမား သေဆုံး

စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်၊ ဆွမ်းချက်ရပ်မှာမနေ့ ဧပြီ ၁ ရက်ညပိုင်းမှာ ကျည်ထိမှန်တဲ့ ကိုအေးချမ်း သေဆုံးခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ကိုအေးချမ်းဟာ ရပ်ကွက်ကင်းစောင့်နေရင်း ရင်ဘတ်နဲ့ ဆီးခုံကို ကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

"ကင်းသမားတွေကို ရွာထဲအထိ ဝင်ပစ်တာ။ အလောင်းကို ရွာကလူတွေ ရအောင်ယူတယ်။ ဒီမနက်မှာပဲ သင်္ဂြိုဟ်လိုက်တာပါ " လို့ ဒေသခံတဦးကပြောပါတယ်။ သေဆုံးသူမှာ ဇနီးနဲ့ကလေး၂ ဦး ကျန်ခဲ့ပါတယ်။

စစ်တပ်နဲ့ရဲအဖွဲ့က ဆွမ်းချက်ရွာထဲအထိ ဝင်ရောက်ပစ်ခတ်လို့ ဧပြီ ၁ ရက်ညပိုင်းမှာ နောက်ထပ်တစ်ဦးလည်း ကျည်မှန် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကိုင်းမြို့မှာ စစ်တပ်နဲ့ရဲတို့ ပစ်ခတ်လို့ မတ်လ ၂၇ ရက်က ၂ ဦး သေဆုံးခဲ့ပြီး အခု ၁ ဦးနဲ့ဆို စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီ ဖြစ်ပါတယ်။






No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...