Sunday, April 4, 2021

ဖိလစ်ပိုင် မော်ဒယ် Sinon Loresca သည် လန်ဒန်မြို့ ပေါ်ရှိ မြန်မာနိုင်ငံသားများနှင့် ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ခဲ့

4.4.2021

မြန်မာပြည်သူ လူထုက ဒီမိုကရေစီနည်းဖြင့် ဆန္ဒမဲပေးရွေးချယ် တင်မြောက် ထားသည့် အရပ်သား အစိုးရကို စစ်တပ်က အဓမ္မ+အာဏာ သိမ်းလိုက်သဖြင့် ဒုက္ခရောက်နေကြရသည့် မြန်မာပြည်သူလူကို နိုင်ငံတကာအနေဖြင့် ကူညီပေးကြရန် ဖိလစ်ပိုင် မော်ဒယ် Sinon Loresca ဆန္ဒ ဖော် ထုတ်ခဲ့သည်။အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိ နေသည့် ဖိလစ်ပိုင် မော်ဒယ် Sinon Loresca သည် လန်ဒန်မြို့ ပေါ်ရှိ မြန်မာသံရုံးနှင့် ရုရှားသံရုံးတို့ ရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ကြသည့် မြန်မာနိုင်ငံသားများနှင့် ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။Sinon Loresca စစ်တပ်က အာဏာ သိမ်းစဉ်က မြန်မာနိုင်ငံထဲတွင် ရှိနေပြီး အာဏာသိမ်း စစ်တပ်၏ အ+ကြမ်း+ဖက် မှုများကို တွေ့မြင်ခဲ့ ရပြီး မြန်မာပြည်သူများနှင့် အတူရပ်တည်ကြောင်း လူသိများသည့် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ ဆက်တိုက်ဖော်ပြခဲ့သည်။


ဒေါက်ဖိနပ်ဖြင့် တွဲဖက်ကာ လူသိများသည့် Sinon Loresca ကိုဗစ်ကာလ တွင်လည်း မြန်မာ အခြေခံ မိသားစုဝင်များကို ငွေကြေးနှင့် ရိက္ခ ထော က် ပံ့မှုများပြုလုပ်ခဲ့သလို ယင်းမတိုင်မီကလည်း ကလေးငယ်များကို ပညာရေး စရိတ်ထောက်ပဲံ့မှုများ အပါအဝင် ပရဟိတ လုပ်ငန်း များ ဖြင့် ကူညီ ခဲ့သည်ကိုတွေ့ရသည်။









No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...