Thursday, April 15, 2021

YBS ဘတ်စ် ကား ၄ စီးနဲ့ နောက်ထပ် ၁ စင်းရဲ့ကားကိုယ်ထည် တစ်ခြမ်းမီးလောင်မှု

12.4.2021

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ထဲက ပန်းပင်ကြီးလမ်းပေါ်မှာ ရပ်ထားတဲ့ YBS ဘတ်စ် ကား ၄ စီးနဲ့ နောက်ထပ် ၁ စင်းရဲ့ကားကိုယ်ထည် တစ်ခြမ်းမီးလောင်မှု ဒီနေ့ ဧပြီလ ၁၂ ရက် မနက်ပိုင်းက ဖြစ်ခဲ့ပါတယ်။

အဲဒီကားတွေဟာ မြို့တွင်းပြေးဆွဲတဲ့ YBS ယာဉ်လိုင်း ၈၉ ကဖြစ်ပြီး ပန်းပင်ကြီးလမ်းကနေ သာကေတကို ပြေးဆွဲတဲ့ကားတွေ ဖြစ်ပါတယ်။

ဒီနေ့မနက် ၄ နာရီခွဲလောက်က ကားတွေ မီးစလောင်တာဖြစ်ပြီး မီးသတ်ကားတစ်စင်းတော့ မီးလာငြိမ်းတာတွေ့တယ်လို့ အနီးနားမှာနေထိုင်သူတွေကပြောပါတယ်။

ကားတွေ မီးလောင်မှုဖြစ်တဲ့နေရာဟာ လူနေ မထူထပ်တဲ့လမ်းအထက်ပိုင်းလည်းဖြစ်ပါတယ်။

ကားတွေ ဂိတ်ထိုးထားတဲ့လမ်းတစ်ဖက်မှာ စလင်းဘောလုံးကွင်းရှိပြီး တစ်ဖက်မှာတော့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းဝန်းရှိနေပါတယ်။

အဲဒီကျောင်းဝင်းထဲမှာ စစ်ကောင်စီတပ်တွေ နေရာယူထားတာ သီတင်း ၂ ပတ်လောက်ရှိနေပြီဆိုပြီး အနီးနားမှာနေထိုင်သူတွေက ပြောပါတယ်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...